Let Us Provide For You To Travel There!

Let Us Provide For You To Travel There!
Let Us Provide For You To Travel There!

Thursday, August 10, 2017

Travelling to a MaeSot

  Post လေးတစ်ခုတင်မယ်ဗျာ .. ...........။

                    လွန်ခဲ့တဲ့လေးရက်လောက်က ကျွန်တော်တို့မိသားစုကားလေးနဲ့ မော်လမြိုင်ကို
ခရီးထွက်လာခဲ့တယ်။ အစကတော့မော်လမြိုင်တင်ပဲ ။ မော်လမြိုင်မှ ဘုရားဖူးမယ်။ ဒေသအစားစာလေးတွေစားမယ်ပေါ့။ အဲ့လိုနဲ့   မော်လမြိုင်ကိုညနေ ၆ နာရီလောက်မှာရန်ကုန်ကနေထွက်လာခဲ့တယ်။ အစကတော့ ပဲခူးဘက်ကသွားမယ်ပေါ့။နောက်တော့ အမြန်လမ်းကနေပဲသွားဖြစ်ခဲ့တယ်။ ဒီလိုနဲ့  အမြန်လမ်းကနေဘုရားကြီးမြို့  ၊ ဘုရားကြီးမြို့  ကနေဆက်လာလိုက်တာ မော်လမြိုင်ကိုည ၁၁ နာရီလောက်ရောက်လာတယ်။ မော်လမြိုင်မှာတစ်ညအိပ် မနက်ကျမှအဖိုးအဖွားတွေဆီသွားလည်ရင်း နဲ့ မနက်စာကိုမော်လမြိုင်မှာပဲစားခဲ့တယ်။ ဒီလိုနဲ့မော်လမြိုင်ကနေ နေ့လည် ၁၂ နာရီလောက်မှာ မြဝတီမြို့  ကိုထွက်လာခဲ့တယ်။ မော်လမြိုင် မြို့   ကနေ အတ္တရံ တံတားကိုဖြတ်ပြီးတော့ အိန္တု ဆိုတဲ့ရွာလေးအရောက်မှာ ၁ နာရီထိုးနေပြီ။ ဗိုက်ဆာတာနဲ့
အိန္တု မှာပဲ နေ့  လည်စာစားလိုက်တယ် ။ ရွှေသရက်ပင်ကြီး ဆိုတဲ့ စားသောက်ဆိုင်လေးပေါ့ ။ ကြက်ကင်ကလဲ ကောင်းမှကောင်းပဲ ။ စိုင်ကော် အကြော် တွေကလဲကောင်း တယ်ဗျ။ ဈေးကလဲတန်မှတန်ပဲ။ တုံရမ်းဟင်းချိုတစ်ခွက်မှ ၁၀၀၀ ထဲရယ် ။ နေ့  လည်စာစားပြီးတော့ ကျွန်တော် တို့  ခရီးဆက်ခဲ့တာပေါ့ဗျာ ။ အဲ့လိုနဲ့  အိန္တုကနေ ကျုံဒိုး မြို့ ၊ ကျုံဒိုးမြို့  ကနေ ကော့ကရိတ် သို့ ရောက်လာခဲ့ပြီလေ။ ကော့ကရိတ်ကိုရောက်တယ်ဆိုရင်ပဲ လမ်းအကျယ်ကြီးတွေ အဖြောင့်ကြီးတွေတွေ့  မြင်ရပြီလေ။ အဲ့တာကတော့ ကော့ကရိတ်နဲ့  မြဝတီကိုဆက်ထားတဲ့ အာရှလမ်းမကြီးပါပဲ။ ။အာရှလမ်းမကြီးကိုရောက်ပြီဆိုရင်တော့ သိပ်မမောင်းရတော့ဘူး ဆိုတော့ ခဏနားမယ်ပေါ့ ။ အဲ့တာနဲ့ လမ်းဘေးမှာဆိုင်လေးတွေ ရှိတယ် ၊ အဲ့ထဲကမှ လမ်းဘေးမှာတွေ့တဲ့ ဆိုင်တစ်ဆိုင်ဝင်နားတယ်ပေါ့ဗျာ။
အဲ့ဆိုင်လေးကလဲကောင်းတယ်ဗျာ ..ဈေးကလဲတန်မှတန်ပဲ။ ခဏနားပြီးတာနဲ့  ကျွန်တော်တို့ လဲ ဆက်မောင်းလာခဲ့တာ သင်္ကန်းညီနောင် ဆိုတဲ့ မြို့လေးကိုရောက်တယ်။  ဒူးရင်းသီးတွေကပေါမှပေါ ။ဒီလိုနဲ့ မိနစ်၂၀ လောက်မောင်းလိုက်တယ်ဆိုရင်ပဲ မြဝတီမြို့ကိုရောက်ပြီ။ မြဝတီမြို့ကိုရောက်တော့ ညနေ ၅နာရီထိုးနေပြီ ။ အဲ့တာနဲ့  နောက်နေ့  မဲဆောက်တက်ဖို့  ကားငှား ညစာစားပြီး ဟိုတယ်မှာပဲအိပ်လိုက်ကြတယ်။  နောက်နေ့   မနက်ကျတော့ မဲဆောက်သွားဖို့  ငှားထားတဲ့ကားက ၈ နာရီလောက်လာကြိုတယ်။ ဒီလိုနဲ့  ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁) ကိုဖြတ်ပြီး မဲဆောက်ကိုရောက်ခဲ့ကြပြီပေါ့။    ကဲ မဲဆောက်မြို့ကိုရောက်ပြီဆိုတော့ ဈေးဝယ်ဖို့  ကလဲစောသေးတယ်ဆိုတော့ ဘုရားအရင်ဖူးတာပေါ့ ။ ပထမဦးဆုံး မဲဆောက်မြို့  အထွက်က ဖဝေါ ဆိုတဲ့ ကြက်ရုပ်တွေအများကြီးလှူထားတဲ့ ဆုတောင်းပြည့် ဘုရားကိုလိုက်ပို့ တယ် ။ ဒုတိယကတော့  ဖဝေါဘက်ကပြန်လာရင် သံလိုက်ကုန်းကိုရောက်တယ် ။ အဲ့သံလိုက်ကုန်းကိုရောက်တယ်ဆိုရင်ပဲ ကားစက်ကိုသတ်လိုက်တယ်ဗျ ။ ဘာလို့သတ်လိုက်တာလဲဆိုတော့ ကားက ကုန်းပေါ်ကိုတက်တယ်ဆိုတာပြမလို့တဲ့ ။ တကယ်ပါဗျာ ကားတင်မဟုတ်ဘူးဘာမဆိုပဲ ရေသန့်  ဘူးကို ချထားရင်လဲတက်သွားတယ်ဗျ ။ ကျွန်တော်တို့ မြန်မာအခေါ်ဆိုရင်တော့ သံလိုက်ကုန်းပဲပြောရမယ်ပေါ့ ။ ထိုင်းအခေါ်အနေနဲ့ဆိုရင်တော့ (Magic Hill) မှော်တောင်ကုန်းပေါ့။ အဲ့ကနေပြီးတော့ မဲဆောင်မြို့ထဲကိုမဝင်ခင် ထိုင်းဘုရင် ဘူမီဘောအဒူရာဒတ် ရဟန်းဝတ်ခဲ့တဲ့ ရွှေကျောင်းကိုရောက်တယ်။ ရွှေကျောင်းဆိုတာကလဲ နမ်မည်နဲ့လိုက်အောင် ကျောင်း အတွင်းထဲမှာရွှေရောင်တွေတစ်လက်လက်ထနေတယ်။ ရွှေကျောင်းကနေ မဲဆောက်မြို့  ထဲကိုပြန်ဝင်လာခဲ့ပါပြီ။ မဲဆောင်မြို့  ကနေလှမ်းကြည့် ရင် မြင်နေရတဲ့ တောင်တန်းတွေဆီကို ဦးတည်ပြီပေါ့။ အဲ့နေရာကတော့ ရေပူစမ်း၊ ရေတံခွန်  နှင့် မြွေဘုရားတို့ ရှိတဲ့နေရာပါပဲ။ သဘာဝရေပူစမ်း
မှာကြက်ဥပြုတ် ပြီး ယိုးဒယားသင်္ဘောသီးထောင်းစား .. ခဏနားပေါ့ဗျာ။ သဘာဝရေပူစမ်းမှာ စားသောက်ဆိုင်တော်တော် များများရှိတယ် ။ နေ့ လည်စာလဲစားလို့ရတယ်။  ရေပူစမ်းကနေ ၁၀ မိနစ်လောက် ကားထပ်စီးရင် ရေတံခွန်ရောက်ခဲ့ပြန်ကော ။ ရေ တံခွန်ဆိုတာကလဲ ရေနည်းချိန်တောင် တော်တော်လှတာလား ။  တောတောင်ရေမြေသဘာဝအလှတွေမှအများကြီးရယ်။ ရေတံခွန်ကိုရောက်ရင်တော့ ရေချိုးမလား ရတယ် ၊ နောက်ပြီး ထိုင်းနိုင်ငံထုတ် အသားချောင်းတွေအများကြီးရယ် ကောင်းမှကောင်းပဲ။ ရေတံခွန်ကိုလည်ပြီးပြီဆိုရင်တော့ နမ်မည်ကြီးတဲ့ မြွေဘုရားကို  ၁၅ မိနစ်လောက် ကားထပ်စီးရသေးတယ် ။ ပြီးပြီဆိုရင်တော့ နေ့လည်လဲရောက်နေပြီ ဆိုတော့  Shopping သွားကြမယ်ပေါ့ဗျာ ။ ကဲ Robinson MaeSot ကနေစမယ်ဗျာ။ Robinson ကိုရောက်ရင်တော့ သိကြတဲ့အတိုင်း Branded တွေကိုဈေးပေါပေါနဲ့  ရမယ်ဗျာ ။ ကားAccessories နဲ့ပတ်သတ်လို့လဲ့ ဈေးတော်တယ်။ အစားအသောက်လဲဈေးပေါတယ်။  Discount ချထားတဲ့ ဆိုင်တွေကလဲအများကြီး ပဲ။  ပစ္စည်းကောင်းကောင်းကို ဈေးတန်တန်နဲ့ လိုချင်တဲ့ ရွှေမြန်မာတွေအတွက်က အကောင်းဆုံးဗျို့ ။  Robinson ပြီးပြီဆိုရင်တော့ မဲဆောက်ဈေးကို သွားမယ်ဗျာ။ မဲဆောက်ဈေးမှာကတော့ အသစ်ထွက်သမျှ လူငယ်ကြိုက်တွေကို Made in Thailand စစ် ဈေးလဲတန်တန်ရမယ်။ စားစရာတွေလဲတစ်ပုံကြီးပဲ။ မဲဆောင်ဈေးနားမှာ Hong Lon Mini Mart ဆိုတာရှိတယ် ။သူကတော့ အလှကုန်၊ အိမ်သုံးဆောင်ပစ္စည်းတွေအရမ်းပေါတယ်။    ပြီးရင်တော့ Tesco  Lotus Shopping mall ကိုသွားကြမယ်ဗျာ။ အဲ့မှာလဲ တန်တယ် ။ သူကတော့ မြန်မာနိုင်ငံမှာလို Ocean လိုပေါ့ ။ ဈေးသင့်မယ် ပစ္စည်းကောင်းမယ် ။  ဈေးဝယ်ရင်းဗိုက်ဆာရင်လဲ အောက်ထပ်မှာ စားသောက်တန်းရှိသေးတယ် ။ Tesco Lotus မှာဈေးဝယ်ပြီးပြီဆိုရင်တော့ ညနေလဲစောင်းပြီဗျာ။   ပြန်ကျတာပေါ့။ မြဝတီဘက်ရောက်ပြီဆိုရင်တော့ ညအိပ်ပြီးမနက်စောစောမှာ ပြန်ထွက်လာခဲ့တယ်။ အပြန်လမ်းမှာဆိုရင်တော့ ကော့ကရိတ်ကျော်ပြီးဆိုတာနဲ့ညာဘက်လမ်းဘေးမှာတွေ့ရမှာကတော့ဒူးရင်းသီးဆိုင်တွေပါပဲ။ ဈေးလဲတန်တယ် စားလို့လဲကောင်းတယ် ချိုလဲချိုတယ် ။ ပြီးရင်တော့ ဘားအံ မြို့ကိုဖြတ်ပြီးတော့ သထုံမြို့ကိုရောက်မယ် ။ သထုံဆိုတာကလဲ ကျွဲကောသီးပေါတဲ့နေရာလား ပေါမှပေါပဲ ။ ရန်ကုန်ပြန်တဲ့လမ်းတောက်လျှောက် ဝယ်ချင်စရာတွေဆိုတာ တကယ်တန်းဝယ်ရင် လောက်တောင်မလောက်ဘူးဗျ။ ကားမဆန့်  တော့လို့ မဝယ်ခဲ့တာတွေမှအများကြီး။ ပဲခူးရောက်ရင်လဲ ငါးဖယ်ချဉ်ကဝယ်ရအုံးမှာကိုး ။ တစ်ခုတော့အကြံပေးချင်တယ်ဗျာ ။ မဲဆောက်ဘက်သွားရင်တော့ ပိုက်ဆံများများသာယူသွားဗျို့   ၊ တွေ့  သမျှအကုန်တန်နေတော့ မလောက်ဘူးဖြစ်မယ်။ ဒါကတော့ မြဝတီ - မဲဆောက် ခရီးစဉ်လေးပါ။ ကိုယ့်ကားနဲ့  ကိုယ်သွားမယ်ဆိုရင်တော့ ကားကြီးကြီးသာယူသွားကြဗျို့။ ပစ္စည်းများများဝယ်ပြီးများများတင်လို့ရတာပေါ့ ။မိသားစုလိုက်သွားချင်တယ်ဆိုလဲရပါတယ်နော် ။ ဖုန်းလေးသာဆက်လိုက်ပါ။

ကျေးဇူးတင်ပါတယ် ။......................................။